ဗေဒင် - တပတ်စာဗေဒင်ဟောစာတမ်း ၂၂ မှ ၂၈ ဖေဖော်ဝါရီ 2018
Aprašymas
ဗေဒင် - တပတ်စာဗေဒင်ဟောစာတမ်း ၂၂ မှ ၂၈ ဖေဖော်ဝါရီ 2018
၂၂ မှ ၂၈ ဖေဖော်ဝါရီ 2018
ဗေဒင် ဖေဖော်ဝါရီ ၂၀၁၈
Weekly Horo 22-28-02-2018
horoscope 22/28/02/2018
22/28/02/2018
တနင်္ဂနွေသား သမီးများ
စီပွားရေး
ဒီရက်တွေအတွင်းမှာအစစအရာရာသတိကြီးစွာထားဖို့ လိုပါတယ်။ရန်ပတ်လည်ဝိုင်းသလိုဖြစ်နေမယ်။ပြဿနာတွေတစ်ခုပြီးတစ်ခုပြီးရှင်းနေရတက်တယ်။ကိုယ့်ကိစ္စမဟုတ်ရင်လည်းသူများကိစ္စမှာကြားညှပ်နေရတက်ပါတယ်။ခရီးကံအလွန်ကောင်းတဲ့အချိန်ပါပဲ။အဝေးကလည်းအကူညီကောင်းတွေရတက်ပါတယ်။အိမ်ကိစ္စ၊အဖိုးတန်ပစ္စည်းရောင်းဝယ်ကိစ္စအောင်မြင်မယ်။
အချစ်ရေး
အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ဘက်ရဲ့သတင်းကောင်းကိုကြားရတက်ပြီးချစ်သူရည်းစားများအတွက်ကတော့ဝေးလေကောင်းလေဆိုတဲ့ကိန်မျိုးပါပဲ။ထီဝါသနာပါရင်တော့(၁၆)အတွဲလိုက်စတဲ့ဂဏန်းကိုရှေ့မှာထားပြီးထိုးပေးပါ။
ယတြာ
ငှက်(သို့ )ငါးဘေးမဲ့လွှတ်လိုက်ပါလေ။
တနင်္လာသားသမီးများ
စီးပွားရေး
ဒီရက်တွေမှာအိမ်၊ဆိုင်၊စက်၊အသုံးဆောင်သစ်တွေတစ်ခုပြီးတစ်ခုဝင်လာတက်ပါတယ်။တစ်ခုရှိတာကရှိပြီးသာပစ္စည်းတွေတော့ထွက်တာ၊ပျက်တာများနေမယ်။ငွေများများကိုင်မထားသင့်ဘူး။အဲ့ဒီငွေတွေကဆေးဖိုဝါးခဖြစ်သွားတက်ပါတယ်။အိမ်ဆောက်ပစ္စည်း၊စပ်တူရှယ်ရာကိစ္စ၊အဆောက်အဦးကိစ္စတွေအောင်မြင်အကျိုးပေးမယ့်အချိန်မျိုးပါပဲ။ခရီးသွားလာရေးကိစ္စတွေအလွဲလွဲချော်ချော်ဖြစ်နေတက်ပါတယ်။နိုင်ငံခြားရပ်ဝေးနဲ့ ပတ်သက်လို့ မထင်မှတ်ဘဲအခွင့်လမ်းကောင်းတွေပေါ်လာတက်ပါတယ်။မိတ်ရင်းဆရာရင်းတို့ ကြောင့်စိတ်ရှုပ်ခေါင်းစားရတက်ပါတယ်။ဘာမဆိုမတင်မကျဖြစ်နေတာလေးတွေကိုတော့သတိထားပါ။စိတ်ရှည်ပါ။
အချစ်ရေး
အိမ်ထောင်ရှင်များအတွက်အထစ်ငေါ့တွေပြေလည်သွားမယ်။ချစ်သူရည်းစားများကံနိမ့်နေတဲ့ကိန်းမျိုးပါပဲ။ထီယါသနားပါရင်တော့(၁၃)အတွဲလိုက်စတဲ့ဂဏန်ကိုရှေ့မှာထားပြီးထိုးပေးပါ။
ယတြာ
ရေသတ္တဝါများကိုအစားကျွေရင်းဆုတောင်းလိုက်ပါ။
အင်္ဂါသားသမီးများ
ဒီရက်တွေမှာအဖက်ဖက်ကအခွင့်အလမ်းကောင်းတွေပေါ်မယ်။အလုပ်တွေတိုးချဲ့အချိန်မြင့်သင့်တဲ့အချိန်ပါပဲ။ကံတရားကကိုယ့်ကိုမျက်နှာသာပေးတဲ့အချိန်ပါပဲ။စပ်တူစာချူပ်ကိစ္စတွေသတိထားပါ။ကိုယ်တိုးတက်အောင်မြင်လာတဲ့အပေါ်မနာလိုအပြိုင်အဆိုင်တွေလည်းများလာမယ်။တမင်ရန်စခံရမယ်၊အမှုပတ်တက်ပါတယ်။ပြည်တွင်းပြည်ပခရီးများမရေရာဖြစ်ပါတယ်။အောက်လက်ငယ်သားတို့ အကျိုးပေးမယ်။ခရီးကောင်းကြုံမယ်။
အချစ်ရေး
အိမ်ထောင်ရှင်များစိတ်ဝမ်းကွဲရတက်ပြီး ချစ်သူရည်းစားများသတင်းကောင်းကြားရတက်ပါတယ်။ထီဝါသနာပါပါမပါပါ(၂၄)အတွဲလိုက်စတဲ့လက်မှတ်ကိုရအောင်ရှာပြီးထိုးပေးပါ။
ယတြာ
ဘုရားတစ်ဆူဆူရဲ့မိမိမွေးနေ့ ထောင့်မှာရွေထီးနှစ်လက်ကိုကြက်ခြေခတ်၍လှူလိုက်ပါလေ။
ဗုဒ္ဓဟူးသားသမီးများ
စီးပွားရေး
ဒီရက်တွေမှာမိတ်ကောင်းဆရာကောင်းတွေနဲ့ တွေ့ မယ်။ပညာရေး၊သင်တန်း၊စာမေးပွဲကိစ္စတွေအထူးကောင်းပါတယ်။စပ်တူကိစ္စလေးတွေလည်းအောင်မြင်မယ်။စာချူပ်ချူပ်ရမယ့်ကိစ္စလေးတွေလည်းအဆင်ပြေမယ်။ပြည်တွင်းပြည်ပခရီးကောင်းများကြုံနိုင်တဲ့အချိန်ပါပဲ။ငွေကံလေးကောင်းနေမယ်။ဘာသာရေးလုပ်ငန်း၊ဘုရားဖူးခရီးတွေလည်းပေါ်လာမယ်။အလှူအတန်း မင်္ဂလာကိစ္စတွေလည်းပတ်သက်ရတက်ပါတယ်။
အချစ်ရေး
အိမ်ထောင်ရှင်များ ချစ်သူရည်းစားများ အဆင်မပြေမှုလေးတွေဖြစ်ပြီးမှပြေလည်သွားနိုင်ပါတယ်။
ယတြာ
ဘုရားဖူးသွားမည့်သူ၊ခရီးသွားမည့်သူကိုခရီးစရိတ်လှူရင်းဆုတောင်းပါလေ။
ကြာသပတေးသားသမီးများ
စီးပွားရေး
ဒီရက်တွေမှာအဘက်ဘက်ကကံဇာတာပွင့်လန်းနေပါလိမ့်။လုပ်ငန်စီးပွားရေးကိုအရှိန်မြှင့်ပြီးလုပ်သင့်ပါတယ်။လုပ်ငန်းသစ်၊နေရာသစ်စခြင်းတွေလည်းကောင်းတယ်။ရပ်ဝေးပြည်ပခရီးကောင်းတွေကြုံမယ်။ရပ်ဝေးကစာ၊ငွေ၊အဆက်သွယ်အကူညီတွေလည်းရတက်ပါတယ်။မိတ်ရင်းဆရာရင်းတွေရဲ့အထင်မြင်လွဲမှားမှုကိုတော့ခံရတက်ပါတယ်။သူတစ်ပါးရဲ့ပြဿနာမှာကြားညပ်ဖြေရှင်းရတက်ပါတယ်။စပ်တူကိစ္စများမတင်မကျဆုံးဖြတ်ရခက်လိမ့်မယ်။
အချစ်ရေး
ချစ်သူရည်းစားများ၊အိမ်ထောင်ရှင်များနားလည်းမှုလွဲတက်တဲ့ကာလပါပဲ။ထီဝါသနာပါရင်တော့(၆၄) အတွဲလိုက်စတဲ့ဂဏန်းရှာပြီးထိုးပေးပါ။
ယတြာ
မုန့် လုံးရေပေါ်သက်စေ့လှူလိုက်ပါလေ။
သောကြာသားသမီးများ
စီပွားရေး
ဒီရက်ပိုင်းတွေမှာနာမည်ဂုဏ်သတင်းတက်စရာတွေကြုံမယ်။ရာထူးနေရာအခွင့်အရေးတွေကြုံရတက်ပါတယ်။နိုင်ငံခြား၊လူမျိုးခြားကိစ္စတွေလည်းအကျိုးထူးမယ်။ခရီးကောင်းတွေလည်းသွားရတက်ပါတယ်။အလှူမင်္ဂလာအစီစဉ်တွေအောင်မြင်မယ်။ကားတိုက်မှုတစ်ခုကိုမြင်လိုက်၊ပတ်သက်လိုက်ရတာနဲ့ (၇၂)အတွဲလိုက်စတဲ့ဂဏန်ချက်ချင်းထိုးသင့်ပါတယ်။ငွေကိစ္စအောင်မြင်မယ်။လုပ်ငန်းတွေတိုးချဲသင့်ပါတယ်။
အချစ်ရေး
ချစ်သူရည်းစားများအတွက်ကြည်နူးဖွယ်ရာများအထူးကြုံတွေ့ နိုင်ပြီးအိမ်ထောင်ရှင်များအတွက်ကတော့တကျက်ကျက်ဖြစ်ရတက်တဲ့ကိန်းမျိုးပါပဲ။
ယတြာ
စေတီတော်တစ်ဆူဆူ၏တနင်္လာထောင့်တွင်ငွေထီးအကြီင်္းတစ်လက်၊ငွေထီးအသေးသက်စေ့လှူဒါန်းပေးပါ။
စနေသားသမီးများ
စီပွားရေး
ဒီရက်တွေအတွင်းမှာစိတ်လေစိတ်နှစ်ခွဖြစ်စရာတွေ၊ဆုံးဖြတ်ရခက်တာတွေကြုံရတက်ပါတယ်။စိတ်ရှည်ရှည်ခေါင်းအေးအေးထားပြီးတိုင်တိုင်ပင်ပင်လုပ်သင့်တဲ့အချိန်ပါပဲ။အထင်လွခြံရတာ၊ပြဿနာကြာညှပ်တာတွေလည်းကြုံမယ်။နေရာထိုင်ခင် အဆာက်အဦးကိစ္စများမတင်မကျဖြစ်နေမယ်။အလုပ်တွေလုပ်ရပြီးငွေမြှပ်နေတဲ့ကိန်ပါပဲ။ဝန်ထမ်းရာထူး၊နိုင်ငံခြားကိစ္စတွေမှာတော့အထူးကောင်းတယ်။
အချစ်ရေး
အိမ်ထောင်ရှင်များ ၊ချစ်သူရည်းစားများလမ်းခွဲရမတက်ဖြစ်တာ၊ခွဲခွာနေရတာမျိုးတွေကြုံရတက်ပါတယ်။ထီယါသနာပါရင်တော့(၅၇)စတဲ့ဂဏန်းရှေ့ကထားပြီးထိုးပေးပါ။
ယတြာ
ရေနှင့်ပတ်သက်သောကုသိုလ်ကောင်းမှုပြုလုပ်ပေးပါ။